Featured Posts

Facebook Connect Facebook Connect ဘယ်လိုလုပ်မလဲ။ အရင်ဆုံး api key ရရှိအောင် register လုပ်ဖို့ လိုအပ်ပါတယ်။ http://developers.facebook.com/connect.php မှာ...

Readmore

Read Json with Jquery Jquery မှာ json ဘယ်လို ဖတ်ရမလဲဆိုတာကို ရေးပြထားပါတယ်။ ဒီ code ကို မဖတ်ခင် json ဆိုတာ ဘာလဲဆိုတာကိုတော့...

Readmore

AntiUsbHidden 1.1 အခု version မှာ autorun.inf ကိုပါ ဖျက်ထားတယ်။ နောက်ပြီး coding ပိုင်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင်...

Readmore

Antiusb Hidden (GUI) Antiusb Hidden ကို console နဲ့ရေးထားပြီး အခု version က GUI နဲ့လုပ်ထားပါတယ်။ Drive List ကို ထုတ်ထားတဲ့အဆင့်...

Readmore

Programming လေ့လာရာဝယ် ကိုသာသာ ရေးထားတာလေးကို အခြား programmer တွေ developer တွေ programming ကို လေ့လာနေသူတွေ ဖတ်သင့်တယ်ထင်လို့...

Readmore

  • Prev
  • Next

Separate Page From Row Record

Posted on : 03-07-2009 | By : saturngod | In : Article, C#, PHP

Tags:

0

ကျွန်တော်တို့တွေ SQL က ရလာတဲ့ record တွေက အရမ်းများလာတဲ့ အခါမှာတော့ ကျွန်တော်တို့တွေအနေနဲ့ page တွေ ခွဲထုတ် လိုက်မှ အဆင်ပြေတယ်။ page ခွဲထုတ်တယ်ဆိုတာ Web Page မှာပဲ ဖြစ်ဖြစ် Application မှာပဲဖြစ်ဖြစ် record ပေါင်းမြောက်မြားစွာကို ထိန်းချုပ်ဖို့အတွက် လိုအပ်ပါတယ်။ page ခွဲထုတ်တဲ့ နည်းလေး စဉ်းစားကြည့်ရင်...

အရင်ဆုံး record လိုင်းပေါင်း ရဖို့ လိုအပ်ပါတယ်။ ဒါကြောင့်

select count(*) from table;

နဲ့ ခေါ်လိုက်ရင်တော့ record အရေအတွက်ရနိုင်တာပေါ့။ ကိုယ့်ဘာသာကိုယ် filter ထည့်ရင်လည်း ထည့်ပေါ့။ count(*) လေးနဲ့ ဆိုရင် Row ပေါင်း ဘယ်လောက်ရှိလဲ သိရပြီ။ row အရေအတွက် စုစုပေါင်းဟာ record_count ထဲဝင်သွားပြီလို့ သတ်မှတ်လိုက်မယ်။ ပြီးရင် ကျွန်တော်တို့ page တွေ ခွဲထုတ်ဖို့အတွက်

၁။ page တစ်ခုမှာ ဘယ်လောက်ပါမလဲ။ PHP နဲ့ ရေးရင်တော့ Page တစ်ခုမှာ 50 လောက်ပဲ ကောင်းတယ်။ ဒီထက်ပိုသွားရင် လေးသွားတတ်တယ်။ C# နဲ့ Application ပိုင်းမှာဆိုရင်တော့ 300 လောက်ဆို တော်သင့်ပြီ။ ဒါကြောင့်

int show=300;

လို့ ကျွန်တော် မှတ်ထားလိုက်မယ်။

ပြီးရင် page ဘယ်နှစ်ခုလဲဆိုတာ သိရအောင်

double page = record_count / show;

အဲဒါဆိုရင် တော့ အကြမ်းသိရပြီပေါ့။ ဒါပေမယ့် တစ်ချက် စဉ်းစားကြည့်ရအောင်။

620 ဆိုရင် တစ်မျက်နှာ 300 ပြမယ်ဆိုတော့ ၃ မျက်နှာ ရှိမယ်။ ဒီတော့ 620/300 ဆိုရင် အဖြေက 2.06 လောက်ဖြစ်မယ်။ ဒါဆိုရင်တော့ ၂ မျက်နှာ သို့မဟုတ် ၂ မျက်နှာ ထက်ဆိုတာ သိနေပြီ။ ဒါကြောင့် floor ယူလိုက်မယ်။ floor ဆိုတာက 2.6 ဆိုလည်း 2 ပဲ။ 2.01 ဆိုလည်း 2 ပဲဖြစ်အောင် လုပ်လိုက်တာပါ။ အိုကေ... ထပ်တိုးဖို့ page ရှိမရှိကို ကျွန်တော်တို့ စဉ်းစားမယ်ဆိုရင် ဘာနဲ့ ရနိုင်လဲဆိုတော့ အကြွင်းနဲ့ ရနိုင်တယ်လေ။ ဒီတော့ 620 ကို 300 နဲ့ စားလို့ရမယ့် အကြွင်းဟာ 0 မဟုတ်ဘူးဆိုရင် တိုးရမှာ သေချာပြီပေါ့။

ဒီတော့

page = Math.Floor(page);
int mod = record_count % 5;
if (mod != 0) page++;

အခုဆိုရင် page စုစုပေါင်း ရပါပြီဗျာ။ C# နဲ့ အစအဆုံးဆိုရင်

int record_count = 630;
int show = 300;
double page = record_count / show;
page = Math.Floor(page);
int mod = record_count % show;
 if (mod != 0) page++;

PHP နဲ့ဆိုရင်တော့

 $record_count=630;
 $show=300;
 $page=$record_count/$show;
 $page=floor($page);
 $mod=$record_count % $show;
 if($mod!=0) $page+=1;
 

page အလိုက်ပြန်ခေါ်တာကတော့ သင် သုံးရမယ့် SQL ပေါ်မှာ မူတည်တယ်။ Record တွေပြန်ထုတ်တာကို Limit လုပ်တာတွေက တစ်ခုနဲ့ တစ်ခုမတူညီကြဘူး။ MySQL က တစ်မျိုး ၊ Access က တစ်မျိုး ဖြစ်သလို MS SQL က တစ်မျိုးဖြစ်တော့ သင်သုံးမယ့် SQL ပေါ်မှာ မူတည်ပြီး စဉ်းစားရမှာပဲပေါ့။ Limiting Result ကိုတော့ http://en.wikipedia.org/wiki/Select_(SQL)#Limiting_result_rows မှာ ဖတ်ရှုနိုင်ပါတယ်။