0
ကို စေတန် ရေးထားတဲ့ Close Process and Run Process လို မျိုးပုံစံတူလေးပါ။ ဒါပေမယ့် C# နဲ့ တော့ မဟုတ်ဘူးဗျ။ ကျနော်ရေးခဲ့တာတော့ ကြာပြီ။ အဲဒီ့တုန်းက VB 2005 နဲ့ ရေးထားခဲ့တာ။ အခုတော့ 2008 နဲ့ Compile လုပ်ပြီးတော့ ပြန်တင်ပေးလိုက်ပါတယ်။
ကျနော် ဒီလိုမျိုး Code တွေပြန်ရှဲဖို့ နေရာရှာခဲ့တာကြာပြီဗျ... တွေ့တဲ့နေရာတွေကလည်း နိုင်ငံခြားသားတွေရှဲနေကြတဲ့ ဖိုရမ်တွေ ဖြစ်နေတယ်။ ကျနော် ရေးခဲ့ဖူးတာ အများစုက မြန်မာလိုတွေပါတော့ သူတို့နဲ့ ပြန်ရှဲဖို့ကအဆင်မပြေဘူးဗျ။ သူတို့ဆီက Comment ပြန်မလာဘူး။ အခုတော့ ဒီနေရာလေးကို ရောက်လာတာ တော်တော် အဆင်ပြေသွားပြီ။ ကျနော့်ထက်ဝါအများကြီးရင့်တဲ့ သူတွေဆီကလည်း လေ့လာခွင့်ရပြီဖြစ်သလို ကျနော်ရဲ့ Code တွေကိုမှာလည်း Feedback တွေ Comment တွေနဲ့ ပြန်လည်ဖြည့်စွက်ချက်တွေ ရလာလိမ့်မယ်လို့ထင်ပါတယ်။
ဒီနေရာမှာ ပထမဆုံးတင်ပေးတာ ဖြစ်လို့ Intro နည်းနည်းရှည်သွားရင်ခွင့်လွှတ်ပေးပါ။ နောက် Post တွေမှာတော့ မပါတော့ပါဘူး။



